ဟိုက်ဒရိုဂျင် သုံးပြီး မောင်းနှင်တဲ့ ကားပျံ

အစ္စရေး ကုမ္ပဏီ Urban Aeronautics က CityHawk အမည်ရ ကားပျံကို တီထွင်နေပါတယ်။ ကားပျံဟာ မိုင် ၁၀၀ အကွာအဝေးကို တစ်နာရီကို ၁၂၅ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
ကားပျံရဲ့ အရွယ်အစားဟာ အရွယ်ကြီး SUV ကားလောက် ရှိပြီး လူ ၆ ယောက်ကို သယ်ဆောင်နိုင်ပါတယ်။
CityHawk ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး အလုပ်တွေမှာ အသုံးဝင်ပါတယ်။ ကားပျံကို အောင်မြင်စွာ စမ်းသပ်ပျံမှုများစွာ ပြုလုပ်ထားပြီးပါပြီ။
လေကြောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရပြီးတာနဲ့ CityHawk ကို အများပြည်သူ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ကားပျံဟာ ခေတ်ရှေ့ပြေး ဒီဇိုင်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ၁၀၀ ရာခိုင်နှုန်း လိုက်လျောညီထွေမှု ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ကားပျံဟာ eVTOL အမျိုးအစား ဖြစ်ပြီး မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။
Ref : designboom