ဘာစီလိုနာနဲ့လမ်းခွဲတော့မယ့် ဆာဂျီယိုဘက်စကွက်

ဘာစီလိုနာအသင်းခေါင်းဆောင် ဆာဂျီယိုဘက်စကွက်ဟာ ၁၈ နှစ်ကြာအောင်ကစားလာခဲ့တဲ့အသင်းနဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။
စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဘက်စကွက်ဟာ အသက် ၃၄ နှစ်ရှိနေပြီး ဘာစီလိုနာအတွက် ၇၁၈ ပွဲကစားပေးထားပါတယ်။ ဒါဟာ ကလပ်သမိုင်းတလျှောက်မှာ တတိယမြောက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်မှတ်တမ်းလည်းဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဘွဲ့ ၈ ကြိမ်၊ စပိန်ဘုရင့်ဖလား ၇ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘက်စကွက်က လမ်းခွဲဖို့ ခက်ခဲစွာဆုံးဖြတ်ခဲ့ရကြောင်း၊ ဘာစီလိုနာကနေ ထွက်ခွာဖို့အချိန်တန်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ -Ref:Goal