ဂရင်းနစ်စံချိန် ချိုးခဲ့တဲ့ New Jeans အဖွဲ့

Spotify ပေါ် လွှင့်တင်မှု တစ်ဘီလီယံသို့ ရက်အမြန်ဆုံးနဲ့ရောက်ရှိခဲ့တဲ့ ကေပေါ့အဖွဲ့အဖြစ် New Jeans အဖွဲ့က ဂရင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
Minji, Hanni, Danielle, Haerin နဲ့ Hyein တို့ ပါဝင်တဲ့ မိန်းကလေးအဆိုရှင်အဖွဲ့ က Spotify ပေါ်မှာ Attention, Hurt, Hype Boy, Cookie, Zero, Ditto နဲ့ OMG. စတဲ့ သီချင်းခြောက်ပုဒ်ပဲ တင်ထားပါတယ်။
တက်သစ်စ အဖွဲ့က မတ်လ ၈ ရက်တုန်းက ၂၁၉ ရက် နဲ့ တစ်ဘီလီယံကို ရောက်ရှိခဲ့တာဖြစ်ပြီး Blackpink အဖွဲ့ဝင် လီဆာ ၂၀၂၂ အောက်တိုဘာတုန်းက ရခဲ့တဲ့ ၄၁၁ ရက်စံချိန် နဲ့ BTS အဖွဲ့ဝင် Jungkook မတ် ၂၇ မှာ ရခဲ့တဲ့ ၄၀၉ ရက် စံချိန်တွေကို ကျော်ဖြတ်ခဲ့ပါတယ်။
New Jeans အဖွဲ့ရဲ့ အလွှင့်တင်ရဆုံး သီချင်းတွေ က အကြိမ်ရေ ၃၁၃ ဒသမ ၂ သန်း နဲ့ ၃၁၂ ဒသမ ၄ သန်း လွှင့်ခဲ့ရတဲ့ Ditto နဲ့ OMG သီချင်းတို့ ဖြစ်ကြောင်း ဂရင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။

-Ref:Others/Bang Showbiz/sr