စိတ်ကျန်းမာရေးကို စစ်ဆေးပေးနိုင်တဲ့ Apple Watch

Wearable နည်းပညာဟာ ပိုမိုတိုးတက်လာပြီ ဖြစ်ပြီး စမတ်နာရီနဲ့ Fitness Tracker တွေဟာ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ စိတ်ဖိစီးမှုနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တွက်ချက်ပေးနိုင်ပါတယ်။ အခုတော့ သုတေသနစစ်တမ်း တစ်ခုအရ Apple Watch လို Wearable Device တွေဟာ လူတွေရဲ့ စိတ်ကျန်းမာရေးကို တိုင်းတာပေးနိုင်တယ်လို့ သိရပါတယ်။
Mount Sinai Health System က သုတေသနပညာရှင်တွေက Apple Watch လို Wearable Device တွေက ကောက်ယူထားတဲ့ ဒေတာတွေကို အသုံးချကာ Machine Learning က လူတွေရဲ့ စိတ်ကျန်းမာရေးကို တွက်ချက်ပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေက နယူးယောက်စီးတီး ဆေးရုံ ၇ ခုက ကျန်းမာရေးဝန်ထမ်း ၃၂၉ ယောက်နဲ့စမ်းသပ်ခဲ့တာပါ။
Apple Watch Series 5 နဲ့ 4 ကို ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နှလုံးခုန်နှုန်းနဲ့ နှလုံးငြိမ်နှုန်းကို စစ်ဆေးခဲ့ကြပြီး Machine Learning က စိတ်ကျန်းမာရေးကို တွက်ချက်ပေးနိုင်ခဲ့ပါတယ်။
ဒီနေ့ခေတ်မှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လူတွေရဲ့ စိတ်ကျန်းမာရေးဟာ ကျဆင်းနေပါတယ်။ Apple Watch လို ကိရိယာတွေက လူတွေရဲ့ စိတ်ကျန်းမာရေး အဆိုးဆုံး မရောက်ခင် ကယ်တင်နိုင်တော့မှာပါ။ သုတေသနပညာရှင်တွေက ဒီနည်းပညာကို တိုးတက်အောင် ကြိုးစားနေကြပြီး နောက်ထပ် လူများစွာနဲ့စမ်းသပ်ဖို့ စီစဉ်နေပါတယ်။
Ref : gizmochina