ရီးရဲလ်မက်ဒရစ်နဲ့ အေစီမီလန် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်များအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး၊ အေစီမီလန်နဲ့ နာပိုလီတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ကွာတားဖိုင်နယ်နှစ်ကျော့လုံး ယှဉ်ပြိုင်ကစားအပြီးတွင် ရီးရဲလ်မက်ဒရစ်က ၄ ဂိုး ဂိုးမရှိဖြင့် ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီး အေစီမီလန်အသင်းက နာပိုလီအသင်းကို ၂ ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိကာ ရီးရဲလ်မက်ဒရစ်နဲ့ အေစီမီလန် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ယနေ့ညတွင် မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားကြဦးမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးက အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားက အင်တာမီလန်အသင်းသည် ဘင်ဖီကာ၏ အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိထားသည်။