လုပ်ကြံရေးသမားမိခင်အကြောင်းရိုက်ကူးထားသည့် တောင်ကိုရီးယားဇာတ်ကား Netflix မှာ နာမည်ကြီးနေ

Kill Boksoon လို့နာမည်ရတဲ့ တောင်ကိုရီးယားဇာတ်ကားက ပထမဆုံးသီတင်းပတ်ထဲမှာပဲ ကမ္ဘာတစ်ဝန်း Netflix ရဲ့လူကြိုက်များ ရုပ်ရှင်စာရင်းမှာ ထိပ်တန်းနေရာကို တက်လာခဲ့ကြောင်း သိရပါတယ်။ အင်္ဂါနေ့က အထိ နံပါတ် ၃ နေရာမှာ ရောက်နေပါတယ်။

ပြစ်မှု နဲ့ အက်ရှင် ပေါင်းစပ်ဒရာမာ ဇာတ်ကားကို ဒါရိုက်တာ ဘွန်ဆမ်ဟွန်း က ရိုက်ကူးထားပြီး အာရှ ကိုးနိုင်ငံဖြစ်တဲ့ ဟောင်ကောင် ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား ၊ ဖိလစ်ပိုင် ၊တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ် တို့မှာ လူကြိုက်အများဆုံးဖြစ်နေပါတယ်။ အမေရိကန် နိုင်ငံမှာ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။

Netflix အော်ရီဂျင်နယ် ဇာတ်ကားက ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့ တစ်ဦးတည်းမိဘဖြစ်ပြီး လူသတ်တာကို လက်ယဉ်သလောက် သမီးဖြစ်သူနဲ့ ဆက်ဆံရေးခက်ခဲနေတဲ့ မိခင်တစ်ဦးရဲ့ ဘဝကို ရိုက်ကူးထားပါတယ်။ နောက်ပိုင်းမှာတော့ သူ့သမီး နဲ့ ပြေလည်အောင် လူသတ်တဲ့ အလုပ်တွေကို လက်မခံဖို့ Boksoon က ဆုံးဖြတ်ခဲ့ပါတယ်။

ဇာတ်ကားကို တောင်ကိုရီးယား မင်းသမီး ၊ မင်းသား အများစုနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

-Ref: UPI