ထိုင်းနိုင်ငံ၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ယခုလဧပြီ ၁၂ ရက်အထိဆောင်ရွက်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးက သင်္ကြန်ကာလရုံးပိတ်ရက်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းအား (ဧပြီ ၁၂ ရက်) အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း ပုံမှန်ဆောင်ရွက်ပေးနေသည့် နိုင်ငံကူးလက်မှတ် ရက်ချိန်း ထုတ်ပေးခြင်းအား ယခုလဧပြီ ၇ ရက်ထိ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အခြားလုပ်ငန်းစဉ်များကို သင်္ကြန်ကာလရုံးပိတ်ရက် ကျော်လွန်မှသာ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။