ကားသော့လို သုံးနိုင်တဲ့ BYD ရဲ့ စမတ်နာရီ

တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD က စမတ်ဖုန်း Accessory ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ Xiaomi က ကားတွေ ဖန်တီးနေပြီး Huawei က ကားထုတ်လုပ်သူတွေအတွက် နည်းပညာတွေ ရောင်းနေသလို Nio က ပထမဆုံး စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ BYD ရဲ့ စမတ်ဖုန်း Accessory ကတော့ ကားသော့လို သုံးနိုင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။

စမတ်နာရီ ဝတ်ဆင်ထားရင် ကားသော့ကို အိမ်မှာ ထားခဲ့လို့ရပါပြီ။ မနက်ခင်း ပြေးတဲ့ အချိန်၊ ရေကူးတဲ့ အချိန်တွေမှာလည်း ကားသော့ ယူလာစရာ မလိုတော့ပါဘူး။

BYD ရဲ့ စမတ်နာရီဟာ စက်ဝိုင်းပုံ ဖြစ်ပြီး ကားကို Lock/ Unlock လုပ်နိုင်ရုံသာမက စမတ်နာရီရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်တာကို တွက်ချက်တာ၊ Notification တွေ ပြသတာနဲ့ Bluetooth Call ကနေ ဖုန်းပြောနိုင်တာတွေ ပါပါတယ်။

စမတ်နာရီမှာ Smart Locking ပါလာပြီး ကားက သင့်ကို မှတ်မိနေကာ ခလုတ် ၁ ချက်နှိပ်စရာ မလိုဘဲ ကားအနားကပ်လိုက်တာနဲ့ ကားတံခါး ဖွင့်ပေးမှာ ဖြစ်ပါတယ်။

BYD က စမတ်နာရီကို Android စမတ်ဖုန်း အများစု၊ Apple Device တွေနဲ့ တွဲဖက် သုံးနိုင်တယ်လို့ ပြောပါတယ်။ စမတ်နာရီမှာ အမည်မဖော်ပြထားတဲ့ OS ထည့်သွင်းထားပြီး 200mAh Battery ပါလာပါတယ်။ Standby သုံးရင် ရက် ၃၀ နဲ့ စဉ်ဆက်မပြတ်သုံးရင် ၅ ရက်ကနေ ၇ ရက် အသုံးခံပါတယ်။

Ref : gsmarena #DigitalTimes