ဧပြီနှင့်မေလအတွင်း နေ့အပူချိန်များမြင့်တက်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်းနိုင်

မြန်မာနိုင်ငံအရပ်ရပ်မှာနွေကာလဖြစ်တဲ့ ဧပြီလနဲ့မေလတွေအတွင်း နေ့အပူချိန်တွေတဖြည်းဖြည်း မြင့်တက်လာရာ ကနေ အပူပျံတက်တိမ်တွေဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ပါတယ်။

ဧပြီလ(၁)ရက်နေ့ကထုတ်ပြန်ထားတဲ့ နွေကာလမှာဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ် သက်လို့ ကြိုတင်သတိပေးနှိုးဆော်ချက်ထုတ်ပြန်ရာမှာဖော်ပြပါရှိတာပါ။

အဲဒီမိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုး ပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာစတဲ့

မိုးလေဝသ ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေဟာ တစ်နာရီမှာ(၃၅)မိုင်ကနေ မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ် လို့လည်းထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ နွေကာလဖြစ်တဲ့ဧပြီလနဲ့မေလတွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အထူးဂရုပြုနေထိုင်သွားကြဖို့၊ ပြည်တွင်းလေကြောင်း

ပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်း ကြိုတင်သတိပြုသွား လာကြဖို့အသိပေးထုတ်ပြန်ထားပါတယ်။