တစ်ကမ္ဘာလုံးမှာ Redmi Note Series အလုံးရေ သန်း ၃၂၀ ရောင်းချနိုင်ခဲ့ပြီ
Redmi Note Series ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း Series ၁ ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ Xiaomi က Redmi Note Series အလုံးရေ သန်း ၃၀၀ ကျော် ရောင်းချထားပြီးပြီလို့ ပြောပါတယ်။
၃ လအကြာမှာတော့ ကုမ္ပဏီက Redmi Note Series တွေရဲ့ ရောင်းအားကို ထပ်မံ ကြေညာလိုက်ပါတယ်။
Redmi Note 12 Turbo ကို ရောင်းချတဲ့ နေ့မှာ Xiaomi က တစ်ကမ္ဘာလုံးမှာ Redmi Note Series အလုံးရေ သန်း ၃၂၀ ရောင်းချထားပြီးပြီလို့ ကြေညာလိုက်ပါတယ်။ တစ်နည်းအားဖြင့် နောက်ဆုံး ၃ လအတွင်း အလုံးရေ သန်း ၂၀ ရောင်းချနိုင်ခဲ့တာပါ။
Redmi Note 11 ဟာ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ ပါခဲ့ပါတယ်။ Canalys ရဲ့ စစ်တမ်းအရ Redmi Note 11 အလုံးရေ ၁၈ သန်းကို ပြီးခဲ့တဲ့ နှစ်မှာ ရောင်းချနိုင်ခဲ့ပြီး iPhone 14 Pro , iPhone 14 Pro Max တို့ရဲ့ ရောင်းအားနဲ့ ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။
Ref : gizmochina