ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မျက်နှာစုံညီ ပုံမှန်တွေ့ဆုံပွဲအစည်းအဝေးပွဲအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော်ဘုရားလမ်းရှိ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီစဉ်အရ ပါတီ၏ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင်  ပါတီဗဟို၏ လုပ်ငန်းလမ်းညွန်မှာကြားချက်များ၊ ပါတီ၏ ညွန်ကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ပါတီဝင်များစီစစ်နေမှုလုပ်ငန်းအခြေအနေများအား၊ သတ်မှတ်ကာလများ အတွင်း၌ လုပ်ငန်းစဉ်များအားလုံး ပြီးစီးအောင်မြင်ရေး၊ မြေပြင်ပါတီ၏ အခြေအနေများအား သိရှိစေလိုကြောင်း စသည်တို့ကို အသေးစိတ်သိရှိလိုကြောင်း စသည်တို့ကို အကျယ်တစ်ဝင့်ပြောကြားခဲ့သည်။ အစီအစဉ်အရ ခရိုင်/ မြိုနယ်ပါတီတာဝန်ရှိသူများမှ ပါတီ၏မြေပြင်အခြေအနေများ ၊ လုပ်ငန်းညွန်ကြားချက်များအား ဆောင်ရွက်ပြီးစီးမှု၊ ပါတီဝင်များအားစီစစ်ပြီးစီးမှုအခြေအနေများ၊ ရေးရာကော်မတီများ၏လုပ်ငန်းဖော်ဆောင်နေမှု အခြေအနေများ၊ သက်ဆိုင်နယ်မြေအသီးသီး၏ လှုပ်ရှားဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြခဲ့သည်။ တင်ပြချက်များအပေါ် တိုင်းဒေသကြီးပါတီဥက္ကဌနှင့် တာဝန်ရှိသူများ တိုင်းပါတီကော်မတီဝင် နယ်မြေတာဝန်ခံများမှ အသီးသီးပြန်လည်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီအနေဖြင့် တိုင်း/ ခရိုင်/ ရပ်ကွပ်/ကျေးရွာ /အုပ်စု များနှင့်စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးလျှက်ရှိပြီး ပါတီလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။