ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း သာယာဝတီမြို့နယ်ပါတီတာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများနှင့်တွေ့ဆုံ
သာယာဝတီ မတ် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဒေါ်ခင်ရွှေမြင့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌဦးအောင်ချိုဦးတို့သည် (၂၃.၃.၂၀၂၃) နေ့ရက်နံနက် (၉)နာရီအချိန်၌ သာယာဝတီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် သာယာဝတီ မြို့နယ် ပါတီတာဝန်ရှိသူများ၊ရပ်ကျေးစည်းမှူးများ၊ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲ၌ပါတီဒုတိယဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားကာ မြို့နယ်၏တင်ပြချက်များ၊ ရပ်ကျေး စည်းမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ရပ်ကျေးစုဖွဲ့မှု့များစနစ်တကျ ဖွဲ့စည်းရေး၊ နယ်မြေအလိုက်ကွင်းဆင်းထိတွေ့စည်းရုံးရေး၊ပါတီဝင်များ၊ပါတီဝန်းရံသူများလုံခြုံမှုသတိမပေါ့ဆရေးတို့ကို မှာကြားပြီး ပါတီဒုတိယဥက္ကဋ္ဌမှအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။