ကန်ကြီးထောင့်မြို့နယ်၊မြောက်ရိုးကြီးကျေးရွာရှိ ဒေသခံတောင်သူများ၊ ရပ်မိရပ်ဖများနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တွေ့ဆုံ

ကန်ကြီးထောင့် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုး​ေဇာ်သိန်းနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် (၂၂.၃.၂၀၂၃) နေ့ နံနက် (၉)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊မြောက်ရိုးကြီးကျေးရွာရှိ ဒေသခံတောင်သူများ၊ ရပ်မိရပ်ဖများ၊ ​ကျေးရွာလူငယ်များ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ပါသည်။

ဦးစွာပထမ ပါတီဒုဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားပြီး ဒေသခံတောင်သူကြီးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ လူငယ်များမှ ၎င်းတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းကြရာ ပါတီဒုတိယဥက္ကဋ္ဌမှ တစ်ခုချင်းစီ အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာဒေသဖွံ့ဖြိုးရေးကိစ္စများအား ရင်နှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးမွန်းတည့် (၁၂)နာရီအချိန်၌ တွေဆုံပွဲပြီးဆုံးခဲ့ပါသည်။