ပဲခူးခရိုင်အတွင်းရှိပါတီတာဝန်ရှိသူများနှင့် တိုင်းပါတီအတွင်းရေးမှူးတွေ့ဆုံဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌ ဦးရဲမြင့်ထွန်း၏ လုပ်ငန်းလမ်းညွန်မှုအရ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြိုရွှေမော်ဓောဘုရားလမ်းရှိ ပါတီရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးအောင်နိုင် ဦးဆောင်သော တိုင်းပါတီ ကော်မတီဝင်များသည် ပဲခူးခရိုင်အတွင်းရှိခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ကော်မတီဝင်များ ၊ ပဲခူးခရိုင်အတွင်းရှိ မြိုနယ်ပါတီ ဥက္ကဌများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံခဲ့ရာတွင်ရှေးဦးစွာ တိုင်းပါတီအတွင်းရေးမှူးမှ ပါတီဗဟို၏လုပ်ငန်းလမ်းညွန်ချက်များ ၊ တိုင်းပါတီဥက္ကဌ၏ လမ်းညွန်မှာကြားချက် ၊ ပါတီဝင်များစီစစ်နေမှုအခြေအနေများ ၊ မိမိပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ၊ ဒုတိယ ကာလရက်ပေါင်း ၉၀ ပါတီ၏လုပ်ငန်းစီမံချက်များအား အကောင်အထည် ဖော်ဆောင်နိုင်ရေးစသည့်ကိစ္စရပ်များကိုအကျယ်တစ်ဝင့် ပြောကြားခဲ့သည်။ အစီစဥ်အရတိုင်းပါတီဘဏ္ဍာရေးမှူး ဦးဝင်းမြင့်အောင်မှ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအားရှင်းလင်းပြောခဲ့ပြီး ရေးရာကော်မတီအလိုက်တာဝန်ရှိသူ တိုင်းပါတီကော်မတီဝင်များမှ ရေးရာကဏ္ဍအလိုက်ရှင်းလင်းပြောကြားခဲ့သည် ။ ချပြ ဆွေးနွေး ရှင်းလင်း ချက်များ အပေါ် ခရိုင်ပါတီဥက္ကဌဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြိုနယ်ပါတီဥက္ကဌများမှ သက်ဆိုင်ရာကဏ္ဍများ အလိုက် ပါတီ၏လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပါတီဝင်အင်အားစီစစ်နေမှုအခြေအနေများ၊ ပါတီ၏မြေပြင်အခြေအနေများ၊ ရေးရာကဏ္ဍအလိုက်အကောင်အထည်ဖော်ဖွဲစည်းထားရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးအသေးစိပ် ဆွေးနွေးတင်ပြခဲ့သည်။ တင်ပြချက်များအပေါ်တိုင်းပါတီအတွင်းရေးမှူးနှင့် တိုင်းပါတီကော်မတီဝင်များမှ ပေါင်းစပ် ညှိနှိင်းခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ခြင်း ၊ မှတ်တမ်းတင်ခြင်း ၊ ဆုံးဖြတ်ချက် ချခြင်း ၊ ရှေ့လုပ်ငန်းစဥ်များချမှတ်ခြင်းများအား ဆောင်ရွက်နိုင်ခဲ့သည် ။
ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီဗဟို၏လုပ်ငန်းလမ်းညွန်မှာကြားချက်များအား ရာနှုန်းပြည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်း ၊ခရိုင် ၊မြိုနယ် ၊ ရပ်ကွပ်/ကျေးရွာအုပ်စုများသို နယ်မြေကွင်းဆင်း၍ ပါတီအမာခံများနှင့်တွေ့ဆုံဆွေးနွေးခြင်း ၊ စဥ်ဆက်မပြတ်တွေ့ဆုံခြင်းများအား ဆောင်ရွက်လျှက်ရှိသည် ။ မတ်လ ၁၄ ရက်နေ့တွင် တောင်ငူခရိုင်အတွင်းရှိမြိုနယ်များ ၊ မတ်လ ၁၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်အတွင်းရှိမြိုနယ်များ ၊ မတ်လ ၁၆ ရက်နေ့တွင် ပဲခူးခရိုင်အတွင်းရှိမြိုနယ်များနှင့် အသီးသီး တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ဒုတိယ ရက်ပေါင်း ၉၀ ကာလလုပ်ငန်းစီမံချက်များအား ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်စီမံ ဆောင်ရွက်လျှက်ရှိသည်။