ဝရိန်ကျွမ်းကျင် မြန်မာလုပ်သား ၁၇ ဦးအား တောင်ကိုးရီးနိုင်ငံသို့စေလွှတ်

တောင်ကိုရီးယားနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ဝရိန်ကျွမ်းကျင်မြန်မာ လုပ်သား ၁၇ ဦး တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မတ် ၁၂ ရက် တွင် ထုတ်ပြန်ထားသည်။

အဆိုပါမြန်မာလုပ်သား ၁၇ ဦးသည် Samsung Heavy Industries တွင်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ E-7-3 ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဝရိန်ကျွမ်းကျင်လုပ်သား ၅၀၀ ဦးကို ပြည်တွင်းရှိပုဂ္ဂလိကအေဂျင်စီလေးခုက လုပ်သားစုဆောင်း၍ ကိုရီးယားနိုင်ငံရှိ သင်္ဘောကျင်းလုပ်ငန်းတွင်လုပ်ကိုင်ရန် တရားဝင်စေလွှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိပြည်ပ အလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိကအေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် မြန်မာအပါအဝင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရမည့် သင်္ဘောကျင်းလုပ်သား ၁၅၀၀၀ ဦး ခန့်ခေါ်ယူရန် တောင်ကိုရီးယားနိုင်ငံက ဆက်လက်စီစဉ်လျက်ရှိကြောင်းသိရသည်။