၁ ခါအားသွင်းရင် ၆၂၁ မိုင် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီ

တရုတ် ကု

တရုတ် ကုိမ္ပဏီ CATL ရဲ့ တတိယမျိုးဆက် Cell-to-pack (CTP) နည်းပညာက လျှပ်စစ်ကားတွေကို ၁ ခါအားသွင်းရင် ၆၂၁ မိုင်(၁၀၀၀ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ CATL က အဲဒီ ဘက်ထရီကို Qilin လို့ အမည်ပေးထားပြီး ၂၀၂၃ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Qilin ဟာ တရုတ် ဒဏ္ဍာရီလာ သတ္တဝါ ၁ ကောင် ဖြစ်ပါတယ်။ Qilin ဘက်ထရီရဲ့ စွမ်းအင် သိပ်သည်းဆဟာ 416 kilojoules per pound (255 Wh/kg) ဖြစ်ပါတယ်။

တူညီတဲ့ ဓါတုဗေဒ စနစ်နဲ့ အရွယ်အစားကို သုံးထားပြီး Qilin ဟာ 4,680mAh ဘက်ထရီထက် စွမ်းအင် ၁၃ ရာခိုင်နှုန်း ပိုများပါတယ်။ အဲဒီအတွက် မောင်းနှင်နိုင်တဲ့ အကွာအဝေး၊ အားအမြန်သွင်းတဲ့ စနစ်၊ အပူချိန် လျှော့ချတာတို့မှာ ပိုမို ကောင်းမွန်ပါတယ်။

Contemporary Amperex Technology Co. Limited (CATL) ဟာ ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဘက်ထရီနဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး လျှပ်စစ်ကား၊ စွမ်းအင်သိုလှောင်တဲ့ စနစ်တို့အတွက် လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေကို ထုတ်လုပ်ပေးပါတယ်။ Tesla , Volkswagen, BMW နဲ့ Nio တို့ဟာ CATL ရဲ့ ဘက်ထရီတွေကို အသုံးပြုနေကြပါတယ်။

Ref : interestingengineering