မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ်များ မတ် ၃၁ ရက်အပြီး အမြန်ပြောင်းလဲတပ်ဆင်ရန် ထပ်မံထုတ်ပြန်

မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ်များ မတ် ၃၁ ရက်အပြီး အမြန်ပြောင်းလဲတပ်ဆင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထပ်မံထုတ်ပြန်မှုအရ သိရသည်။

ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်း မြန်ဆန်စွာ ရာနှုန်းပြည့်ပြီးစီးရေးအတွက် နိုင်ငံပိုင် ဌာနဆိုင်ရာ ယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးသည် ယာဉ်များတွင် မတ် ၃၁ ရက်အပြီး မပျက်မကွက် ပြောင်းလဲတပ်ဆင်ကြပါရန် ထပ်မံအသိပေးနှိုးဆော်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက မော်တော်ယာဉ်ပိုင်ရှင်များ အနေဖြင့် နှစ်လဲသက်တမ်းတိုးချိန်တွင်ဖြစ်စေ၊ သက်တမ်းတိုးချိန် မတိုင်မီဖြစ်စေ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်၍ ဖောင်းကြွ နံပါတ်ပြား အသစ်များ အမြန်ပြောင်းလဲတပ်ဆင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည် ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းရိုက်နှိပ်လျက် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကစတင်၍  မှတ်ပုံတင်မော်တော် ယာဉ်များတွင် ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။

မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းအား အချိန်တိုအတွင်း မြန်ဆန်စွာရာနှုန်းပြည့် ပြီးစီးစေရေးအတွက် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။