ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတုများဖြင့်နယ်စပ်ဖြတ်သန်းသွား လာမှုများရှိ၍ စီစစ်အရေးယူနေ
ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဖေဖော်ဝါရီ ၂၀ ရက်က နှစ်နိုင်ငံကူသန်းသွားလာမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်ထားပြသပါက ဖြတ်သန်းသွားလာခွင့်လက်မှတ်များကို သက်ဆိုင်ရာက ထုတ်ပေးလျက် ရှိသည်။ ထိုသို့ ဖြတ်သန်းသွားလာခွင့်လက်မှတ်များထုတ် ပေးရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်အတုများပြသ၍ ဖြတ်သန်းခွင့်လက်မှတ်လာရောက်ပြုလုပ်သူများရှိနေသဖြင့် တာဝန် ရှိသူများက စီစစ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ကိုဗစ်ကာကွယ်ဆေးထိုးပြီကြောင်း လက်မှတ်ပြမှသာ ဖြတ်သန်းသွား လာခွင့်ပြုတဲ့ BP နဲ့ TBP လက်မှတ်တွေ ထုတ်ပေးတာပါ ။ အခု ဖြတ်သန်းခွင့်လာလုပ်တဲ့လူတချို့က ကာကွယ် ဆေးထိုးပြီးကြောင်း လက်မှတ်အတုတွေနဲ့ လာလုပ်တာကို တွေ့ရတယ်။ သေချာစီစစ်နေပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတုပြုလုပ်သူများအား ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့လက်မှတ်ကိုပုံစံတူအတုလုပ် အခကြေးငွေယူပြီးထုတ်ပေးတာပေါ့ ။စစ်ဆေးတွေ့ရှိတာနဲ့အဲဒီလက် မှတ်အတုကို သိမ်းလိုက်တယ်”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ဖြတ်သန်း သွားလာခွင့်လက်မှတ်ပြုလုပ်ရန် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသနိုင်ခြင်းမရှိပါက ၂၄ နာရီ အတွင်း ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိ စစ်ဆေးထားသည့် ဆေးအဖြေလွှာပြနိုင်ပါကလည်း နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်များပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ထိုးနှံပေးလျက်ရှိသည်။ source:popularmyanmar