အဓမ္မ နှင့် ဓမ္မ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူမှုကွန်ယက်မှာ နဲ့ အဓမ္မ ဆိုတဲ့ ပါဠိဝေါဟာရကို တွင်တွင်သုံးလာကြပါတယ်။

တစ်ချို့လဲနားလည်လို့ ပြောတာရှိသလို့ အများစုကတော့ ဂဃနဏ နားမလည်ဘဲ သူများယောင်လို့ လိုက်ယောင် ပြောနေတာကိုလည်း တွေ့ရပါတယ်။

ဘာတွေပြောကြလဲဆိုတာကို လေ့လာကြည့်ကြတာပေါ့…

၂၀၂၀ ရွေးကောက်ပွဲဟာ အာဏာရ NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ဟာ မဲသမာမှုများရှိခဲ့ပြီး ဖြေရှင်းပေးဘို့ စစ်တပ်က NLD အစိုးရနဲ့ UEC တို့ကို အဆင့်ဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ထိုနည်းတူ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီ အများစုကလည်း တောင်းဆိုခဲ့ကြတယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားကြတဲ့သူတိုင်း သိကြပါတယ်။

ဒီလိုတောင်းဆိုချက်တွေအပေါ် အာဏာရ NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင် UECတို့က လျစ်လျူရှုခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာထိန်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာပြီး တာဝန်ရှိသူအားလုံးကို တရားစွဲဆိုမှုတွေ၊အရေးယူမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို စစ်တပ်က အာဏာထိန်းတဲ့ အကြောင်းပြချက်က နိုင်ငံတော်၏အချုပ် အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝန်းလုံး၌တည်သည် ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄ကို NLD အစိုးရဟာ ဖောက်ဖျက်ပြီး ရွေးကောက်ပွဲမှာ မဲသမာမှုများပြုလုပ်ကာ အဓမ္မ နည်းဖြင့် နိုင်ငံတော်အာဏာကို ရယူခြင်းဖြစ်တဲ့အတွက်​ကြောင့်ဟု ဆိုပါတယ်။ ဒီနေရာမှာ စစ်တပ်က အဓမ္မ ဆိုတဲ့ စကားကို စတင်သုံးနှုန်းထားတာကို တွေ့ရပါတယ်။

ဒီလို စစ်တပ်က အာဏာထိန်းခဲ့မှုအပေါ် လက်မခံနိုင်တဲ့ NLD လွှတ်တော်အမတ်များ၊ ပါတီဝင်များနဲ့ သူတို့ကိုထောက်ခံတဲ့ ပြည်သူများက အရှေ့ပိုင်းမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြ၍ ကန့်ကွက်ခဲ့ကြပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြပါတယ်။ ဒါအပြင် ဝန်ထမ်းများကို CDM(Civil Disobedience Movement) ပြုလုပ်ရန် ဖိအားပေးလာခဲ့ပြီး ဝန်ထမ်းအချို့ကလည်း CDM ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက်ပိုင်းမှာတော့ Generation Z အမည်ဖြင့် လူငယ်များဟာ တောခိုပြီးလက်နက်ကိုင်လမ်းစဥ် ဖြင့် စစ်ကောင်စီကို တော်လှန်ခဲ့ကြပါတယ်။ ဒီလိုတော်လှန်တဲ့အခါ စစ်တပ်က အဓမ္မ အာဏာ သိမ်းမှုကို ဓမ္မ ဖြင့်ပြန်လည်တိုက်ခိုက်ရမည်ဖြစ်ကြောင်းလို့ ကြွေးကြော်ကာ National Unity Government(NUG)ကို လေလှိုင်းအတွင်း ဖွဲ့စည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force- PDF )များကို ဒေသအလိုက်ဖွဲ့စည်းကာ ရတဲ့နည်းဖြင့် လက်နက်စွဲကိုင်ခဲ့ကြပါတယ်။

သို့သော်လည်း စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်များရှိသကဲ့သို့ အပြစ်မဲ့ ရဟန်းရှင် ပြည်သူများ၊ ကျောင်းဆရာ/ဆရာမများကိုလည်း ဒလန်ဟု ကင်ပွန်းတပ်ပြီး ရက်ရက်စက်သတ်ဖြတ် ခဲ့ခြင်းများအစိုးရ၏ ရုံးဌာနများ၊ စာသင်ကျောင်းများ အား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိစေရန်ရည်ရွယ်၍ ရွေးကောက်ရေးကော်မရှင်ရုံးများ၊ လဝကရုံးများအား မီးရှို့ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကိုသာ အဓိကထားလုပ်ဆောင် လာခဲ့ကြသည်ကို တွေမြင်ကြရပါတယ်။

သို့သော် သူတို့သည် စစ်တပ်ကို အကြမ်ဖက်စစ်တပ်ဟု ပညတ်ပြီး သူတို့သည်သာ ဓမ္မ ဖြစ်ပြီး အဓမ္မစစ်ကောင်စီကို တော်လှန်ခြင်းဖြစ်သည်ဟု NUG နဲ့ PDF တို့က ကြေငြာပြီး အမေရိကန်နှင့်အနောက်အုပ်စုနိုင်ငံများ၊ ၄င်းတို့၏ Media များက ဝိုင်းဝန်းပုံဖော်ပေးကြပါတယ်။

ဤ နေရာတွင် မည်သူက ဓမ္မ ဖြစ်ပြီး မည်သူက အဓမ္မ ဖြစ်သနည်း ဆန်းစစ်ကြည့်ရန် လိုလာပါသည်။ မည်သည့် ပေတံနှင့် တိုင်းကြည်မည်နည်း၊

ဓမ္မ နှင့် အဓမ္မ ဟူသောဝေါဟာရသည် ပါဠိစကားဖြစ်ပြီး ဂေါတမမြတ်စွာဘုရားဟောကြားခဲ့ တရားစကားဖြစ်ပါသည်။ ဓမ္မ ဟူသည် အဘယ်နည်း? အဓမ္မ ဟူသည် အဘယ်နည်း?

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာက ဓမ္မ နဲ့ အဓမ္မ ကို ခွဲခြားသိဘို့ ဟောကြားထားတဲ့တရားကို နာကြားဘူးပါတယ်၊( အောက်တွင် Link ထည့်ပေးထားပါသည်) ဘယ်လိုဟောခဲ့လဲဆိုတော့ ”အဓမ္မ ဆိုတာ ဓမ္မ ရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊

ဓမ္မ ဆိုတာဘာလဲလို့ မေးမယ်ဆိုရင် အခြေခံကစပြောရရင် ပါဏာတိပါတာဆိုတဲ့ သူ့အသက်Tတ်ခြင်းက ရှောင်ကျင်တာ ဓမ္မ၊ သူ့များဥစ္စာခိုးယူခြင်းမှ ရှောင်ကျင်တာ ဓမ္မ၊ သူ့တပါးသားမယားပြစ်မှားခြင်းမှ ရှောင်ကျင်တာ ဓမ္မ၊ အဲဒါတွေမရှောင်ကျင်ရင် အဓမ္မဖြစ်တယ်၊ လိမ်ပြောတာ အဓမ္မ၊ တစ်ဦးနဲ့ တစ်ဦးမတည့်အောင် ဂုန်းတိုက်တာ အဓမ္မ၊ လူတကာကို ဆဲရေးတိုင်းထွာတာ၊တစ်ဦးနဲ့တစ်ဦး နားမခံသာအောင် ကြမ်းတမ်းတဲ့စကားနဲ့ ရိုင်းပြစွာပြောဆိုတာ အဓမ္မ၊ တရားလက်လွှတ် မပြောသင့်တာတွေပြောတာက အဓမ္မ တို့ဖြစ်တယ်လို့ ဟောထားတဲ့တရားကို နာကြားခဲ့ဘူးပါတယ်။

အဲဒီတော့ နှစ်ဘက်လုံး ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်ပါ။ စစ်ကောင်စီက တရားဥပဒေမဲ့ လူTတ်နေသလား၊ Tတ်နေတယ်ဆို အထောက်အထားနဲ့ပြနိုင်ရပါမယ်။

Tတ်ခဲ့သည်များရှိပါတယ်၊ သို့သော် တရားဥပဒေနဲ့ ညီညွတ်နေပါသည်၊ ဥပမာ သေဒဏ်ထိုက်သင့်၍ သေဒဏ်အပြစ်ပေးခဲ့သောတရားခံများ ဖြစ်ပါတယ်၊နောက်ပြီး စစ်ဆင်ရေးနယ်မြေမှာ ရန်သူ့စခန်းများကို၄င်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ရဲစခန်းနဲ့ ကျေးရွာများကို လာရောက်တိုက်ခိုက်တဲ့ PDF များကို၄င်း လေကြောင်းမှ ပစ်ခတ်Tတ်ဖြတ်ခဲ့ခြင်းရှိပါတယ်၊ ၄င်းတို့သည် ဥပဒေဘောင်အတွင်းမှသာဖြစ် အကြောင်းမဲ့T တ်ဖြတ်ခဲ့ခြင်းမရှိပါ။ ဒါ့ကိုကြည့်ရင် စစ်တပ်က အဓမ္မ လုပ်ဆောင်ခြင်းမဟုတ်သည်မှာ ထင်ရှားပါတယ်။

NUG ကမွေးထားတဲ့ PDF ပေါင်းစုံကတော့ နေရာအနှံအပြား ဒလန်လို့ စွပ်စွဲချက်တွေနဲ့ အပြစ်မဲ့ ရဟန်းရှင် ပြည်သူ တစ်သောင်းကျော်ကို ဥပဒေမဲ့ Tတ်ဖြတ်ခဲ့ပြီးပါပြီ။ ဆက်လက်Tတ်နေဆဲဖြစ်ပါတယ်။ နောင်လဲ ဆက်လက်Tတ်နေဦးမည်ဖြစ်ပါသည်။

ထိုကဲ့သို့ သူ့တစ်ပါးအသက်ကို အကြောင်းမဲ့ သက်သက်Tတ်တာ ဓမ္မ လား? အဓမ္မ လား၊ အစိုးရရုံးဌာနတွေကို မီးရှို့တာ၊ စာသင်ကျောင်းတွေကို ဗုံးခွဲတာ ဓမ္မ ​လား? အဓမ္မ လား? ရွာတွေကို မီးရှို့ပြီး စစ်ကောင်စီတပ်တွေက မီးရှို့ပါတယ်လို့ လိမ်ညာပြောဆိုတာ ဓမ္မ ​လား? အဓမ္မ လား? ပန်ဆယ်လို ကဲ့သို့သော nld လော်ဘီတွေက လူမှုကွန်ယက်မှာ မကြားချင်အဆုံး နားမခံသာအောင် ကြမ်းတမ်းတဲ့စကားနဲ့ ရိုင်းပြစွာပြောဆိုတာ၊ ဆဲရေး တိုင်းထွာတာတွေဟာ ဓမ္မ ​လား? အဓမ္မ လား?

မြတ်ဗုဒ္ဓရဲ့ ဟောကြားချက် တရားတော်ပေတံနဲ့ တိုင်းတာကြည့်ရင် NUG နဲ့ PDF တို့ဟာ အဓမ္မ သမား၊ လူသတ်အကြမ်းဖက်သမားများသာဖြစ်ကြောင်း ထမင်းစားသူများသာဖြစ်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေမည်။ သို့သော် မိမိကိုယ်တိုင်က သမ္မာဒိဌိ မရှိ အမြင်မှန်မသိရင်တော့ဖြင့် အဓမ္မ ကို ဓမ္မ ဟုသာ ထင်မြင်နေပြီး အဓမ္မ နောက်လိုက်အဖြစ်နဲ့ အကုသိုလ်တွေ တစ်လှေကြီးရယူနေကြဦးမည် ဖြစ်သည်ကို အလင်းပြပေးရ​ကြောင်းပါခင်ဗျာ

#PAN