ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
စဥ့်ကိုင် မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ဘဏ္ဍာရေးမှုး ဒေါ်ခင်နွယ်မြင့်၊ စဉ့်ကိုင်မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းနိူင်၊ အတွင်းရေးမှုးဒေါ်ကြည်ကြည်မော်နှင့်ကော်မတီဝင်များ၊ ပါတီဝင်များသည် (၂-၃-၂၀၂၃)ရက်နေ့တွင် ကျင်းပမည့် စဉ့်ကိုင်မြိုနယ်၊ တဘက်ဆွဲကျေးရွာ၊ ရွှေဆံတော် ကျောင်းတိုက် ဓမ္မာရုံရေစက်ချပွဲ အကြိုအဖြစ် ရွှေဆံတော်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါသဝအား သွားရောက် ဖူးမျှော်ကာ လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ပါသည်။ ၎င်းနောက် ဓမ္မာရုံရေစက်ချပွဲအတွက် လုပ်အားပေး ဆောင်ရွက်နေသူများအား အချိုရည်ဘူးများ ကုသိုလ်ပြု လှုဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်အဖွဲ့သည် တဘက်ဆွဲကျေးရွာ၊ ရွာလည် သာသနာ့မဏ္ဍိုင်ကျောင်းဆရာတော် ဘဒ္ဒန္နစန္ဒာဝရအား သွားရောက်ဖူးမျှော်ပြီး လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။