ပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများ OWIC လျှောက်ထားရာတွင် စာရွက်စာတမ်းအတုများဖြင့် လျှောက်ထားလာပါက ပွဲစား၊ အေဂျင်စီနှင့် အလုပ်သမားကိုပါ အရေးယူမည်ဟုဆို

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဖေဖေါ်ဝါရီ (၂၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန် အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ် ကိုင်သူများမှ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက ရုံးဖွင့်ရက် (၂) ရက်မှ (၃)ရက်အတွင်း အမြန်စိစစ် ခွင့်ပြုပေးနေကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ စိစစ်ခွင့်ပြုလျက်ရှိသော်လည်း ပွဲစားများ၊  ပြ ည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက အထက်ပါလုပ်ငန်းများနှင့်ပတ်သက်၍  ဝန်ဆော င်မှု‌ ပေးကြောင်း Facebook group များမှတဆင့်ကြော် ငြာပြီး ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ကောက်ခံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပွဲစားများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဦးစီးဌာနသို့ အလုပ်လုပကိုင်ခွင့် ပါမစ်အတု၊ ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အလုပ်ရှင်ခွင့်စာအတု၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင် တန်းဆင်း လက်မှတ်အတု၊ ဘွဲ့လက်မှတ်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်အတုတွေဖြင့် တင်ပြခြင်း၊ လူတစ်ယောက်တည်းက လက်ရေးမူ တစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိ ရကြောင်း ဆိုသည်။

အဆိုပါ စာရွက်စာတမ်းအတုတွေဖြင့် တင်ပြလျှောက်ထားသည့် ပွဲစား၊ အေဂျင်စီတွေအပြင် အလုပ်အပ်သည့် သူများကိုပါ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ စိစစ်အရေးယူသွားမည်ဖြစ်သည့်အတွက်ကြောင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်လျှာက်ထားရာတွင် ပွဲစား၊ အေဂျင်စီတွေကို အလုပ်မအပ်ဘဲ ကိုယ်တိုင်တင်ပြလျှောက်ထားကြရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။