အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် (၂) နှစ်ဆက်တိုက်တက်ခဲ့တဲ့ Red Velvet အဖွဲ့မှ Joy
တောင်ကိုရီးယား မိန်းကလေးအဆိုရှင် အဖွဲ့ Red Velvet မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy က အီတလီနိုင်ငံ က Milan Fashion Week မှာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ်နဲ့ (၂) နှစ် ဆက်တိုက် တက်ရောက်ပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။
Joy က ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက Tod ဖက်ရှင်အမှတ်တံဆိပ်ရဲ့ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၂ တုန်းကလည်း မီလန် ဖက်ရှင် သီတင်းပတ်မှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
သူက ဖက်ရှင်သီတင်းပတ်ပွဲကို မလာခင် လေဆိပ်ရောက်လာကတည်းက ပခုံးတစ်ဖက် လွှတ်ထားတဲ့ ဝတ်စုံနဲ့ မီဒီယာတွေကို မင်သက်စေခဲ့ပါတယ်။
Joy က ဒီနှစ်မှာ Tod’s Fall Winter 2023/24 Fashion Show မှာ မြေကမ္ဘာ နဲ့ နီးစပ်တဲ့ အရောင်တွေကို ရွေးချယ်ခဲ့ပြီး မနှစ်တုန်းကတော့ တစ်ကိုယ်လုံး အနက်ရောင်ဆင်မြန်းပြီး သူ့ရဲ့ စတိုင်အာသီသ နဲ့ အလှအပတွေကို ဖော်ထုတ်ပြသခဲ့ပါတယ်။
-Ref: Koreaboo