နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်

နေပြည်တော်မှာကျင်းပမယ့် အခုနှစ်သင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမှာဖြစ် တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းကပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိ ပြည်သူတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက် သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်မှာ ပထမဆုံး ထည့်သွင်းကျင်းပတာဖြစ်တာကြောင့် မြန်မာ့ရိုးရာယဉ် ကျေးမှုအငွေ့အသက် တွေ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျင်းပရာမှာလည်း ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက စနစ်တကျ သုံးသပ်စီမံဆောင်ရွက်သွားကြဖို့ လိုအပ်သလို အခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ နေပြည်တော်ရှိ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုဝင်တွေနဲ့ ဒေသနေ ပြည်သူတွေ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။