တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၁၂၆ ဦး ထပ်ရောက်

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၂၆ ဦး ဖေဖော်ဝါရီ ၂၁ ရက်က ထပ်မံရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား ၁၂၆ ဦးအား အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကုန်ထုတ်လုပ်သားသစ် ၂၇ ဦး၊ CBT ကုန်ထုတ်လုပ်သားနှစ်ဦး စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၇၀၊ ဆောက်လုပ်ရေးလုပ်သားသစ် ၂၇ ဦး စုစုပေါင်း ၁၂၆ ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။

အဆိုပါ အလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတစ်ဆင့် အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်။