MNA မှ မန္တလေး – ချင်းမိုင် ခရီးစဉ်ကို ပျံသန်းပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-ချင်းမိုင်-မန္တလေး ခရီးစဉ်ကို လာမယ့် မတ်၂ ရက်ကစတင်ပြီး အပတ်စဉ်ကြာသပတေးနေ့တိုင်း တိုက်ရိုက်ပျံသန်း ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်း ကနေ သိရပါတယ်။

အဲဒီခရီးစဉ်နေ့ရက်တွေမှာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်လောက်မှာ ထွက်ခွာပြီး ချင်းမိုင်လေဆိပ်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၅ မိနစ်အချိန်လောက်မှာရောက်ရှိမှာဖြစ်တယ် လို့ဆိုပါတယ်။ အဲဒီနောက် ချင်းမိုင်ကနေ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်အချိန်လောက်မှာ ပြန်လည် ထွက်ခွာပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ည ၇ နာရီ ၂၅ မိနစ်အချိန်လောက်မှာရောက်ရှိမှာဖြစ်တယ် လို့ဆိုပါတယ်။

လေယာဉ်လက်မှတ်အသွားတစ်ကြောင်းစာအတွက် အမေရိကန်ဒေါ်လာ ၁၇၂ ဒေါ်လာကျသင့်မှာဖြစ်ပြီး အသွား အပြန် ခရီးစဉ်အတွက်တော့ အမေရိကန်ဒေါ်လာ ၂၈၀ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာအမျိုးသား လေကြောင်း(MNA)က ရန်ကုန် – ချင်းမိုင် – ရန်ကုန် တိုက်ရိုက်ခရီးစဉ် ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်က စတင် ပျံသန်းပြေးဆွဲခဲ့ပြီး အခုအခါမှာတော့ မန္တလေး-ချင်းမိုင်- မန္တလေး ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည်တွေအနေနဲ့သွားရောက်မယ့်နိုင်ငံက လိုအပ်တဲ့ အထောက်အထားတွေ၊ COVID-19 Restriction သက်မှတ်ချက်တွေကို အတိအကျလိုက်နာဆောင်ရွက်ဖို့ကိုလည်း မြန်မာအမျိုးသားလေကြောင်းက အသိပေး ထုတ်ပြန်ထားပါတယ်။