မကြာခင်ရက်ပိုင်းအတွင်းမှာ ပရိသတ်ချစ်တဲ့ realme Brand Ambassador က ယူဆောင်လာတော့မည့် realme 10
၂၀၂၃ ခုနှစ်အတွက် realme Myanmar မှ လူကြိုက်များသော realme ထုတ်ကုန်များစွာထဲမှ နံပါတ်စီးရီး တစ်ခုဖြစ်သည့် realme 10 ကို realme Brand Ambassador မှ ခေါ်ဆောင်လာပေးတော့မှာဖြစ်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် realme ရဲ့ မိသားစုဝင်မှ ပရိသတ်အချစ်တွေကို တစ်ကျော့ပြန်သိမ်းယူဖို့ “RAM နှစ်ဆချိန်း၊ 256 နဲ့ သိမ်း” realme 10 နဲ့အတူ ရောက်ရှိလာပါမည်။
realme 10 မှာ ပါဝင်သော အဓိက အားသာချက်များထဲမှ တစ်ခုမှာ MediaTek ၏ Helio G99 Chipset ကို အသုံးပြုထားသဖြင့် Graphic ပိုင်းမြင့်သော ယှဉ်ပြိုင်မှု ပြင်းထန်သည့် ဂိမ်းများစွာ အကြိတ်အနယ် ဆော့ကစားနိုင်မှာဖြစ်သည်။ Super AMOLED Display ထည့်ထားပြီး refresh rate 90Hz ကြောင့် သွက်လက် ဖျတ်လက်နေသည့် အကြမ်းစားဖုန်းတစ်လုံးကို စိတ်ကြိုက်အသုံးပြုနိုင်မည်။
realme 10 ရဲ့ ထူးခြားချက် နောက်တစ်ခုမှာ RAM 8GB နှင့် storage မှာ ROM 256GB ထိပါဝင်လာမှာ ဖြစ်သောကြောင့် စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီး ကြိုက်သလောက်သိမ်းထားနိုင်မည်။ အလင်းစက်မှုန်လေးများကို ကိုယ်တိုင်ထိတွေ့လိုက်ရသကဲ့သို့ Gradient ဒီဇိုင်းနှင့် အမိုက်စားအရောင်များကို ဖမ်းယူနိုင်မည့် 50MP ရောင်စုံ AI ကင်မရာကို realme 10 မှာ အပြည့်အဝခံစားရရှိစေမှာ ဖြစ်သည်။ အားအမြန်သွင်းပေးသည့် 33W Fast charging နှင့် ကြီးမားသော 5000mAh ဘက်ထရီကြောင့် တနေ့တာလုံး အပူအပင်မရှိ အသုံးပြုနိုင်ပါသည်။
အလင်းမှုန်များသည် ကြယ်များနှင့် တိုက်မိပြီး ရောင်စဉ်လှိုင်းတန်းများအသွင် ဖြာထွက်လာပြီး “Clash White” အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မတူညီသော ရှုထောင့်များတွင် မတူညီသော အရောင်များကို ခံစားရမှာဖြစ်သည်။ ကြယ်များမှ စကြာဝဠာကို အလင်းရောင်ပေးနေသည့်အလား “Rush Black” အနက်ရောင် နှစ်မျိုးမှ ရွေးချယ်နိုင်မည်။