TikTok ကို အမေရိကန်က ကျောင်းတွေမှာ Ban လို့ ကျောင်းသားနဲ့ ပါမောက္ခတွေ ဆန္ဒပြ

TikTok ကို အမေရိကန် အစိုးရက ထုတ်ပေးထားတဲ့ Device တွေမှာ ပိတ်ပင်မှုကို ပြည်နယ် ၂၅ ခုကျော်မှာ မကြာခင်က ပြုလုပ်ခဲ့ပါတယ်။ အခုတော့ အစိုးရကျောင်းတွေမှာပါ ပိတ်ပင်မှုတွေ ပြုလုပ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေ ရှိလာပါတယ်။

TikTok ကို တရုတ် ကုမ္ပဏီ ByteDance က ပိုင်တာ ဖြစ်ပြီး ကုမ္ပဏီဟာ User ဒေတာတွေကို တရုတ် အစိုးရထံပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေ ရှိပါတယ်။ အဲဒီအတွက် အမေရိကန် အစိုးရက TikTok ကို ပိတ်ပင်နေတာပါ။

အခုတော့ အမေရိကန်က တက္ကသိုလ်တွေမှာ ပိတ်ပင်လိုက်လို့ ကျောင်းသားနဲ့ ပါမောက္ခတွေ ဆန္ဒပြနေကြတာပါ။ ကျောင်းက အင်တာနက် ကွန်ရက်မှာပါ TikTok ကို သုံးလို့ မရအောင် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

တက္ကဆပ် တက္ကသိုလ်ရဲ့ ဓါတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ Kate Biberdorf က “ သိပ္ပံပညာရပ်ကို ပျော်စရာကောင်းပြီး သင်ကြားလို့ လွယ်ကူအောင် ကျွန်တော် TikTok ကို သုံးပါတယ်။ အခုတော့ တက္ကသိုလ်မှာ မသုံးရဘူးဆိုတာတော့ ကျွန်တော့်အတွက် အဆင်မပြေပါဘူး။ ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်သလိုပါပဲ။” လို့ ပြောပါတယ်။

Ref : gizmochina