ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါက်တာနေလင်း တိုက်ကြီးခရိုင်၊ဘွတ်ကုန်းကျေးရွာ တောင်သူလယ်သမားများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါက်တာ-နေလင်းသည် တိုက်ကြီးခရိုင် နာယက ဦးဟန်စိန်၊ခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်အဖွဲ့နှင့်အတူယနေ့(15-1-2023)နေ့လယ် ၁ နာရီအချိန် မှစတင်ကာ ဘွတ်ကုန်းကျေးရွာ မြို့နယ် အရန်ပါတီကော်မတီဝင် ဒေါ်မတုတ်(ခ)ဒေါ်စောမြတ်ဆွေနေအိမ်တွင် အဆိုပါကျေးရွာရှိ ဒေသခံတောင်သူ လယ်သမားများ နှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ကျင့်သုံးမည့် PR စနစ်အကြောင်းအကျယ်တဝင့် ရှင်းလင်း၍တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများ၊ စပါးစျေး၊ဓာတ်မြေဩဇာ၊စိုက်ပျိုးရေရရှိရေး၊ စက်သုံးဆီ၊ပိုးသတ်ဆေး၊စိုက်ပျိုးစရိတ်စသည့်သွင်းအားစု အခြေအနေများ၊စိုက်ပျိုးစရိတ်ချေးငွေ ကြွေးမြီပြဿနာ များ အစရှိသည်တို့ကို တောင်သူလယ်သမားများနှင့်ရင်းရင်းနှီးနှီး အပြန်အလှန်ဆွေးနွေးကြပြီး အမျိုးသမီးများ တစ်နိုင်တပိုင်ဝင်ငွေရရှိရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများလည်းဆွေးနွေးခဲ့ပါသည်။