Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ် များကို ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်

Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ် လက်မှတ်များအား ၁၅ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ဝန်ကြီးများရုံးတွင် ကျင်းပမည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း က Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်းပြည်ပ လေယာဉ် လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍ လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်း ချနေကြောင်း သိရသည်။ နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ခရီးသည် များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက် မှတ်ဝယ်ယူရန် ခက်ခဲ့ကြောင်း လေယာဉ်လက်မှတ်များအ ရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီး သွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အချို့၏ ပြောကြားချက်အရ သိရသည်။ ၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြား သားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့ နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကို သာရရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအား ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဗီဇာကင်းလွတ်ခွင့်နဲ့လာတဲ့ မြန်မာတွေအနေနဲ့ ဗီဇာသက်တမ်း ၄၅ ရက်ရမယ်ဆိုပေမယ့် တကယ်လာတဲ့အခါကျ ၄၅ ရက် မရပါဘူး။ ၁၄ ရက်ပဲ ပေးတာတော်တော်များတယ်။ အောက်တိုဘာ လလယ်လောက်ကမှ စပြီးတော့ ဗီဇာ ၄၅ ရက်ရတဲ့ မြန်မာတွေရှိလာတာကိုတွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။ ၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံ တွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်း ရရှိခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၉ ရက် နေ့မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြို အထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာအား Full Service အနေဖြင့် ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ ယင်းသို့ Request Form တင်၍ ပြောင်းလဲရာတွင် အမည်အပြည့်အစုံ ပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၊ ပြည်တွင်းခရီးစဉ်အတွက် မြန်မာ ကျပ်ငွေ သုံးသောင်း၊ အမည်စာလုံးပေါင်း ပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ်တွင် အမေရိကန်ဒေါ်လာ ၃၀၊ ပြည်တွင်းခရီးစဉ် အတွက် ကျပ်ငွေ ၁၅၀၀၀ ပေးသွင်း၍ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။