မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် အသွားအပြန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာမှစတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင် အသွားအပြန် ခရီးစဉ်အား ဒေါ်လာ ၁၆၀ မှစတင်ရောင်းချနေ

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေကြောင်း သိရသည်။ နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက်မှတ် ဝယ်ယူရန် ခက်ခဲ့ကြောင်း လေယာဉ်လက်မှတ်များအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူအချို့၏ ပြောကြားချက် အရ သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံသဘော တူညီချက်အရ Visa Free အတွက် ၄၅ ရက်အထိ တိုးမြှင့်ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူမည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသား များအား ၁၄ ရက်သာပေးခဲ့ပြီး ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာ သက်တမ်းကိုသာရရှိနေ ခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗီဇာကင်းလွတ်ခွင့်နဲ့လာတဲ့ မြန်မာတွေအနေနဲ့ ဗီဇာသက်တမ်း ၄၅ ရက်ရမယ် ဆိုပေမယ့် တစ်ကယ်လာတဲ့အခါကျ ၄၅ ရက် မရပါဘူး။ ၁၄ ရက်ပဲပေးတာတော်တော်များတယ်။ အောက်တိုဘာလလယ်လောက်ကမှ စပြီးတော့ ဗီဇာ ၄၅ ရက်ရတဲ့ မြန်မာတွေ ရှိလာတာကိုတွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံရှိခရီး သွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ ၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Vasi Free အတွက် ထိုင်းနိုင်ငံ တွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက်  Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။ နှစ်နိုင်ငံ သဘောတူညီချက်အရ Vasi Free အတွက် ၄၅ ရက်အထိ တိုးမြှင့်ဝင်ရောက် နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူမည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်