ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများကျင်းပပြုလုပ်

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပ ပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများကို (၄.၁.၂၀၂၃)ရက်နေ့တွင် မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အားကစားသမားများ၊ဧည့်ပရိတ်သတ်များ အင်အား (၉၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

ပြိုင်ပွဲ အား နံနက် (၈း၀၀) နာရီ မှစတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်များမှ ပြိုင်ပွဲ အမျိုးအစား (၅၅)မျိုး ယှဉ်ပြိုင် ကစားခဲ့ကြပြီးနောက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖြင့် ယှဉ်ပြိုင် ကစားကြကာ အခမ်းအနားအား ည နေ (၆း၀၀)နာရီတွင် ပိတ်သိမ်းခဲ့ပါသည်။