ဒိုက်ဦးမြို့နယ်တွင်လူငယ်ရေးရာ စကားဝိုင်းပြလုပ်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မွန်းလွဲပိုင်းက ပထမဆုံးမဲဆန္ဒပေးနိုင်မည့် လူငယ်ပါတီဝင် များနှင့် တိုင်းဒေသကြီးပါတီတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစကားဝိုင်း အားကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ၏ ဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီ လူငယ်ရေးရာတာဝန်ခံဒေါက်တာသန့်ဇော်လွင် နှင့်တိုင်းပါတီမီဒီယာတာဝန်ခံများ ကော်မတီဝင် များ လိုက်ပါလျှက်တွေ့ဆုံဆွေးနွေးခဲ့သည် ။ စကားဝိုင်းဆွေးနွေးခဲ့ရာတွင် ဒေါက်တာသန့်ဇော်လွင်မှ မြန်မာနိုင်ငံ ၏မျက်မှောက်ခေတ်နိုင်ငံရေး ၊ လူငယ်နှင့်မူးယစ်ဆေး၏ဆိုးကျိုးများ ၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ၊ လူငယ်နှင့်ဒီမိုကရေစီ ၊ပါတီနှင့်လူငယ်၊ လူငယ်နှင့်မျှော်မှန်းချက် စသော ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသောပါတီဝင်လူငယ်များမှ မိမိတို့သိရှိလိုသော အခန်း ကဏ္ဍအသီးသီးအား ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပြီး ဆွေးနွေးချက်များအပေါ်ပြန်လည် ဆွေးနွေးခြင်း ၊ ရှင်းလင်းခြင်းများအားဆောင်ရွှက်ခဲ့ပြီး ဆုများအားချီးမြှင့်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။