ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူး မြို့နယ် ပြည်ခိုင်ဖြိုး လူငယ်အဖွဲ့တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူး မြို့နယ် ၊ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် လှည်းကူး ခရိုင်ပြည်ခိုင်ဖြိုး လူငယ်အဖွဲ့ထံ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး လူငယ်အဖွဲ့ခေါင်းဆောင်များမှ လာရောက် တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ (၄.၁၂.၂၂)ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် ပြုလုပ်ကျင်းပ ခဲ့ပါသည်။ တွေ့ဆုံပွဲကို တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ တိုင်းပါတီ ကော်မတီဝင် ဦးတင်ဝင်း၊ ဦးနေဝင်း၊ တိုင်းလူငယ်တာဝန်ခံ ဦးအောင်ပြည့်ဖြိုးနှင့် လှည်းကူးခရိုင်ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်တို့က လက်ရှိနိုင်ငံရေး အခြေအနေ ၊ရွေးကောက်ပွဲ အောင်နိုင်ရေး အခြေအနေများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက် လာသူ လူငယ်ရေးရာအမာခံအဖွဲ့မှ သိရှိလိုသည်များ၊လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေ ခဲ့ကြပါသည်။ တွေ့ဆုံပွဲအား နေ့လည် ၁ နာရီ တွင် အောင်မြင်စွာရုတ်သိမ်း ခဲ့ပါကြောင်းနှင့် လှည်းကူးခရိုင်မှ အမာခံလူငယ်(၉၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်

လှည်းကူးခရိုင် usdp မီဒီယာ