သန်လျင်ခရိုင်ဥက္ကဌရက်၉၀စီမံချက်အကောင်အထည်ဖော်ရေးကျေးရွာ(၄)ရွာကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သန်လျင်ခရိုင်ဥက္ကဌ ဦးနိုင်ဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌများလိုက်ပါပြီး ယနေ့နံနက် ၁၀၀၀ နာရီအချိန်က သန်လျင်ခရိုင်အတွင်းရှိ ပြည်တော်သာကျေးရွာ၊ စီကုန်းကျေးရွာ၊ကံလှကျေးရွာ၊ ဒေးဇက်ကျေးရွာမှ ပါတီဝင်ခေါင်းဆောင်များ ပါတီဝင်လယ်သမားများအား သွားရောက်တွေ့ဆုံခဲ့ကြပါသည် ၄င်းတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်မှ ချမှတ်ဆောင်ရွက်လျှက်ရှိသော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ် များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်