သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တာဝရေတံခါးကျေးရွာသို့နယ်မြေကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးတင်မျိုးဝင်း နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ တာဝရေတံခါးကျေးရွာ သို့ နယ်မြေကွင်းဆင်း၍ပါတီဝင်များနှင့်တွေ့ဆုံခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင် ကျေးရွာအုပ်စုအတွင်း လူငယ် အမျိုးသမီး တောင်သူလယ်သမားကဏ္ဍများဖွဲ့စည်းခြင်း ၊ ကျေးရွာအတွင်းပါတီဝင်စာရင်းအမှန်ပြုစုထားရှိမှု ၊ အုပ်စုပါတီ ဖွဲ့စည်းပုံ ဇယားပြုစုထားမှု စသည်တို့ကိုရှင်းလင်းပြောကြားခဲ့သည် ။ ရှင်းလင်းချက်များအပေါ် တက်ရောက်လာ ကြသော ပါတီဝင်များမှမေးမြန်း ဆွေးနွေးအကြံပြုတင်ပြခဲ့ကြသည် ။ ပြန်လည်တင်ပြချက်များအပေါ် မြို့နယ်ပါတီ ဥက္ကဌနှင့်ပါတီတာဝန်ရှိသူများရပ်ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည် ။

#USDP #Bago