ဝေါမြို့နယ်ပါတီဝင်များအား PRစနစ်နှင့် လူငယ်ရေးရာကိစ္စရပ်များရှင်းလင်း
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းက PRစနစ်နှင့် လူငယ် ရေးရာ ကိစ္စရပ်များအကြောင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံဒေါက်တာသန့်ဇော်လွင်မှ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်/ ကျေးရွာအုပ်စုပါတီ တာဝန်ရှိသူများ ၊ လူငယ်ခေါင်းဆောင်များအားတွေ့ဆုံရှင်းလင်းခဲ့သည် ။
တွေ့ဆုံခဲ့စဉ် ဒေါက်တာသန့်ဇော်လွင်မှ ရွှေးကောက်ပွဲစနစ်များအကြောင်း ၊ နိုင်ငံတကာတွင်ကျင့်သုံးနေသော ရွှေးကောက်ပွဲ စနစ်အမျိုးမျိုးအကြောင်း ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သောရွှေးကောက်ပွဲစနစ်များ၏ အားနည်းချက်/ အားသာချက်များ ၊ ၂၀၂၀ ပါတီစုံဒီမိုကရေစီစနစ်တွင် တရားမဲ့ပြုကျင့်ဆောင်ရွှက်ခဲ့မှုများအကြောင်း ၊ လာမည့် ရွှေးကောက်ပွဲတွင်ကျင့်သုံးမည် PRစနစ်အကြောင်းများအား အကျယ်တဝင့်အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု ၊ ပါတီ၏လူငယ်များ အပေါ်မျှော်မှန်းထားရှိသော ဆန္ဒသဘောထား ရည်မှန်းချက် ၊ ပါတီ၏ရပ်တည်ရှင်သန်နိုင်ရေးအတွက် လူငယ်များ၏အရေးကြီးသောအခန်းကဏ္ဍများ ၊ ပါတီ၏ ဖွဲ့စည်းပုံတွင်ပြဌာန်းထားသောပါတီဝင်လူငယ်များ၏အခန်းကဏ္ဍ ကျင့်ဝတ် စည်းကမ်း တာဝန် ဝတ္တရားများ ဗဟို ၊ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်ပါတီများတွင် လူငယ်ရေးရာကော်မတီများဖွဲ့စည်းထားရှိမှုများ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည် ။ ရှင်းလင်းပြောကြားချက်များအပေါ်တက်ရောက်လာကြသူများမှ မိမိတို့ သိလိုသည်များကို ပြန်လည်မေးမြန်း အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားချမှတ်နိုင်ခဲ့သည် ။ #USDP #Bago