အာဂျင်တီးနားကိုအနိုင်ရ၍ နိုင်ငံတော်အားလပ်ရက်ကြေညာကာ ဆော်ဒီ အောင်ပွဲခံ

ဆော်ဒီနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲတွင် နာမည်ကြီး အာဂျင်တီးနားကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး နောက်တစ်နေ့ဖြစ်သည့် နိုဝင်ဘာ (၂၃) ရက် (ဗုဒ္ဓဟူးနေ့)ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာကာ အောင်ပွဲခံခဲ့ကြကြောင်း သိရှိရသည်။

ဆော်ဒီလက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၂၂)ရက် (အင်္ဂါနေ့)က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု (C) အဖွင့်ပွဲစဉ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် အာဂျင်တီးနားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရသည်။

ဆော်ဒီ၏အဆိုပါနိုင်ပွဲကို မီဒီယာများက Shock အဖြစ်ရဆုံးပွဲအဖြစ် ဖော်ပြခဲ့ပြီး ဆော်ဒီအသင်းသား များသည် ပွဲအပြီး အဝတ်လဲခန်းတွင် အောင်ပွဲခံခဲ့ကြသလို၊ ဆော်ဒီပရိသတ်များမှာလည်း အကြီးအကျယ် အောင်ပွဲ ခံခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဆော်ဒီအစိုးရသည် အာဂျင်တီးနားကို အနိုင်ရပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာ (၂၃) ရက်ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာကာ အလုပ်နှင့် ကျောင်းများကိုပိတ်ပြီး အောင်ပွဲခံခဲ့ကြ ကြောင်း သိရှိရသည်။