ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်း ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ဥက္ကဌမှ ခရိုင်အတွင်းရှိ ရန်ကင်းမြို့နယ် တာမွေမြို့နယ် သင်္ဃန်းကျွန်း မြို့နယ်များမှ မြို့နယ်ဥက္ကဌများ မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ၍ ယနေ့ မွန်းလွဲ ၁း၃၀ မိနစ်အချိန်က သင်္ဃန်းကျွန်းခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်

ရှေ့ဦးစွာ ခရိုင်ဥက္ကဌမှ ပထမ (၃) လတာကာလ ရက် (၉၀) စီမံချက်ပါ ပါတီလုပ်ငန်းစဉ်များ ပါတီ၏ မူဝါဒ သဘောထားများ၊ ပါတီဝင်အင်အားစာရင်း စိစစ်ခြင်းနှင့် ပါတီဝင်အသစ်တိုးပွားရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ် ဥက္ကဌများ ရပ်ကျေး ပါတီကော်မတီဝင်များမှ ပြန်လည်ဆွေးနွေး ခဲ့ကြရာတွင် မြေပြင်လုပ်ငန်းဆောင်ရွှက်ရာတွင် ကြုံတွေ့နေရသော ကိစ္စရပ်များ ပါတီဝင်များ၏ စုဖွဲ့ထားရှိမှုများနှင့် ၎င်းတို့သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ ခရိုင်ဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးအား မွန်လွဲ ၃း၅၀ အချိန်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။ ၄င်းလုပ်ငန်းညှိနှိုင်းအဝေးသို့ သင်္ဃန်းကျွန်း ခရိုင်ဥက္ကဌ ဦးကျော်သီဟနှင့် ခရိုင်ကော်မတီဝင်များ ခရိုင်အတွင်းရှိ မြို့နယ်ဥက္ကဌများနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကွက်ကော်မတီဝင်များ စုစုပေါင်း ၃၆ ဦးတက်ရောက်ခဲ့ကြ ကြောင်း သိရသည်