ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများ တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အင်အား (၁၅၀)ဦး နှင့် တွေ့ဆုံပွ​ဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်မှ ၁၅၀၀ အချိန်ထိ တိုင်းဒေသကြီး ပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ ” ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဥ်များ၊ ပါတီမှ ဆုံးဖြတ်ချမှတ် ဆောင်ရွက်နေပြီဖြစ်သည့် အသွင်သစ်ဆက်ဆံရေးနှင့် ရက် (၉၀)စီမံချက်ပါ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီဝင်မိသားစုဝင်များအတွက် အလုပ်အကိုင်ရရှိရေးကိစ္စရပ်များ၊ ပါတီတာဝန်ရှိ သူများနှင့် ပါတီဝင်များ စဥ်ဆက်မပြတ်ဆက်သွယ်နိုင်ရေးကိစ္စရပ်များ ” အား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ ပါတီ၏ အောင်နိုင်ရေးလုပ်ငန်း များကို သတိမပြတ်ထားရှိပြီး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစုများအတွက် ထောက်ပံ့ငွေ သိန်း(၅၀)ကျပ်အား ပေးအပ်ခဲ့၍ တက်ရောက်လာသူများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။

#USDP #Myanmar