၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဒသမ ၇၇ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းရှိ

၂၀၂၂ ခုနှစ် အောက်တိုဘာလကုန် အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဒသမ ၇၇ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည့် စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှု     ပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့် ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါ အဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ် လာ ၅ ဒသမ ၅၂၆ ဘီလျံ ခွင့်ပြုခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင် သီလဝါ အထူးစီး ပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်းရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်း ခွင့်ပြုပေးခဲ့သဖြင့်  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံ ခွင့်ပြုခဲ့ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထား ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။ လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်း အမျိုး အစား ရှစ်မျိုးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် က ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန် အတွက် အောက်ပါရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာ ပါက ဦးစားပေးဆောင်ရွက် သွား မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်  အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေ သြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ် ငန်းများ၊ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ် ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ (ဆ)ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၊ (ဇ) အများ ပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။ အထက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စား သူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။