“ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်မတီဝင်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ခရိုင်) မှ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်နေလျှက်ရှိရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက် အသီးသီးမှ တာဝန်ရှိသူအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နေ့လည်(၀၁ :၀၀) ခန့် အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ဗဟိုကော်မတီဝင် (ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာ တာဝန်ခံ) ဒေါ်စန်းစန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပေးခဲ့သည်။

တွေ့ဆုံပွဲတွင် ဗဟိုကော်မတီဝင်မှ “အမျိုးသမီးများသည် စွမ်းဆောင်နိုင်သူများဖြစ်ပြီး အမျိုးသမီးများ၏ စွမ်းဆောင် ရည် ကိုအသိမှတ်ပြုပါကြောင်း နိုင်ငံတော်အတွက် မိမိတို့၏စွမ်းဆောင်ရည်များကို အသုံးချ၍ ပြည်သူလူထု၏ဘဝ ပိုမိုတောက်ပ၍ လှပသောအနာဂတ်များ ဖြစ်ပေါ်လာအောင် ကြိုးစား၍ဆောင်ရွက်ပေးစေလိုကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း မှ မိမိတို့ဒဂုံမြို့သစ်ခရိုင် အတွင်းဆောင်ရွက်သွားမည့် ပြည်သူ့ အကျိုးပြု လူမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး အတွင်းရေးမှုးမှ အဆိုပါလုပ်ငန်းစဉ်များအတွက် အမျိုးသမီးများ၏ ကိုယ်စွမ်းနှင့်ဥာဏ်စွမ်းများကို ဝိုင်းဝန်းကူညီ၍ဆောင်ရွက်ပေးကြရန် နှင့် အကြံ ဉာဏ်များ တောင်းခံ ဆွေးနွေးခဲ့ရာ တက်ရောက်လာသော အမျိုးသမီးပါတီဝင်များမှ မိမိတို့၏ရပ်ကွက် အလိုက်ပြန်လည် မိတ်ဆက်၍ ရပ်ကွက်ဒေသများအတွင်း အမျိုးသမီးများအနေဖြင့်ဆောင်ရွက်လှုပ်ရှားနေမှုကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကာ ညေန ( ၃:၀၀ )ခန့်အချိန်တွင် တွေ့ဆုံပွဲပြီးဆုံးသွားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ဗဟိုကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်စန်းစန်းဝင်း ၊ ဒဂုံမြို့သစ်ခရိုင် ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း ၊ အတွင်းရေးမှုး ဒေါ်စမ်းစမ်းဌေး ၊ မြို့နယ်အတွင်းရေးမှုး ဦးလှမျိုး နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၁ရပ်ကွက် မှ အမျိုးသမီးတာဝန်ရှိသူ (၆၃)ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#Arkar(S/Dagon)