ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပဲနွယ်ကုန်းဒေသရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

ကျောက်တံခါး နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌဦးဘုန်းမြင့်ဦးနှင့် ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပဲနွယ်ကုန်းဒေသရှိ ပါတီအမာခံခေါင်းဆောင်များ နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် ပါတီဗဟိုညီလာခံအတွေ့အကြုံများရှင်းလင်းခြင်း ပါတီ၏ပြုပြင်ပြောင်းလဲမှုများ တိုင်းပါတီဥက္ကဌမှ လမ်းညွန်မှာကြားသော သုံးလပတ် ရက် ၉၀ စီမံချက်အောင်မြင်စွာရာနှုန်းအပြည့်ဆောင်ရွှက်နိုင်ရေး ရေးရာအလိုက် ဖွဲ့စည်းစုစည်းမှုတွင် တိကျမှန်ကန်သော ပါတီဝင်စာရင်းမြေပြင်အမှန်ရရှိရေး စုစည်းပြီးသော ပါတီဝင်များအား ပိုမိုကျစ်လစ်ခိုင်မာစွာညီညီညွတ်ညွတ်ရှိစေနိုင်ရေး တိုင်းပါတီ၊ ခရိုင်ပါတီများမှ အဆင့်ဆင့်ညွန်ကြားချက်များ  PRစနစ်အကြောင်း မြို့နယ်ပါတီကော်မတီ၏ လုပ်ဆောင်လှုပ်ရှားဆောင်ရွှက်နေမှုများအား အကျယ်တဝင့်ရှင်းလင်း ချပြဆွေးနွေးခဲ့သည်။

ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသော ဒေသပါတီခေါင်းဆောင်များမှ ပြန်လည်ဆွေးနွေးမေးမြန်း တင်ပြခြင်း ပါတီညွန်ကြားချက်များအား ဖော်ဆောင်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ လုပ်ငန်းဆိုင်ရာ စုဖွဲ့ထားရှိမှု ပါတီပကတိမြေပြင်အခြေနေများ လိုအပ်ချက်များ သဘောထားများအား ပြန်လည်ဆွေးနွေး တင်ပြခဲ့ရာတွင် မြို့နယ်ပါတီဥက္ကဌနှင့် တာဝန်ရှိသူများမှ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းခြင်း မှတ်သားထားခြင်းများအား ဆောင်ရွှက်ခဲ့ကြောင်းသိရသည်။ ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသများအား ကွင်းဆင်း၍ ထိတွေ့ခြင်း Online မှ ဆွေးနွေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွှက်လျှက်ရှိသည်။