သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်အတွင်းရှိပ ါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
သနပ်ပင် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းသည် မြို့နယ်ကော်မတီဝင်များနှင့် နယ်မြေများရှိ ပါတီဝင်များအား နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ဗဟိုညီလာခံအတွေ့အကြုံများအား ရှင်းလင်းခြင်း ပါတီ၏ ပြုပြင်ပြောင်းလဲမှုအခြေနေများ ပါတီဗဟို၏ ရပ်တည်မှု မူဝါဒသဘောများ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းလမ်းညွန်မှာကြားချက် သုံးလတာရက်ပေါင်း ၉၀ လုပ်ငန်းစဉ်များ ရေးရာကဏ္ဍအလိုက် လုပ်ဆောင်ရမည့်လုပ်ငန်းများ မြေပြင်ပါတီဝင်များ အားလုံး၏ စာရင်းအမှန်ရရှိရေး စုဖွဲ့ထားမှုအခြေနေများ ဗဟိုဌာနချုပ် ၊ တိုင်းဒေသကြီး ၊ ခရိုင်ပါတီများ၏ အမိန့် ညွန်ကြားချက်များအား အသေးစိတ်ချပြဆွေးနွေးခဲ့သည်။ မြို့နယ်ပါတီ၏ ဆွေးနွေးချပြရှင်းလင်းမှုများအပေါ် တက်ရောက်လာကြသော ပါတီတာဝန် တာဝန်ရှိသူများမှ ပြန်လည်တင်ပြဆွေးနွေးခဲ့ရာတွင် မြေပြင်ပကတိအခြေနေ လုပ်ငန်းဆောင်ရွှက်ရာတွင် ကြုံတွေ့နေရသောကိစ္စရပ်များ၊ ရပ်/ကျေးပါတီများ၏ စုဖွဲ့ထားရှိမှုများအား ပြန်လည်တင်ပြခဲ့သည်။
သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တိုင်းပါတီဥက္ကဋ္ဌ၏ လမ်းညွန်မှုများအတိုင်း ရပ်ကွက် / ကျေးရွာ အုပ်စုများရှိ ပါတီခေါင်းဆောင်များ ၊ အမာခံရပ်မိ/ရပ်ဖများ၊ လူမူရေးအသင်းအဖွဲ့များဖြင့် တယ်လီဖုံး Online များမှ ထိတွေ့ဆွေးနွေးလျှက်ရှိသည်။