ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်းကျင်းပ

နိုဝင်ဘာလ ၁၂၊  နေပြည်တော်

နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျွန်းရောင်းအုပ်စု ရွာသစ်ကျေးရွာတွင် ရေနွေးကြမ်းစကားဝိုင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေခေတ္တဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များက ကျေးရွာရှိပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေခေတ္တ ဥက္ကဌ ဦးလှဆွေ၊  ပြည်ထောင်စုနယ်မြေကော်မတီဝင်ဦးဖိုးသိန်း၊ ခရိုင်ပါတီဥက္ကဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်မိရဖများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

#USDP #Myanmar

#Naypyitaw