ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်း

ကမာရွတ် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ပါတီ‌ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီ‌ကော်မတီဝင်များ ‌တွေ့ဆုံပွဲအခမ်းအနားကို ကမာရွတ်မြို့နယ်ပါတီရုံးတွင်  (၁၃၊၁၁၊၂၀၂၂)ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့  ကမာရွတ်ခရိုင် ပါတီဥက္ကဌ ဒေါ်သီသီမွန်၊ ကမာရွတ်ခရိုင်ပါတီ အတွင်းရေးမှူး ဦရန်နိုင်သန်း နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကမာရွတ်မြိုနယ်ပါတီကော်မတီဝင်များ နှင့် ရပ်ကွက်( ၁၀ ) ရပ် ကွက်မှပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ ပါတီ‌ေကာ်မတီဝင်များတက်ရောက်ခဲ့ကြပါသည်၊

ဆက်လက်ပြီး တက်ရောက်လာသူများအား ကမာရွတ်ခရိုင်ဥက္ကဌ ဒေါ်သီသီမွန်မှ ပါတီညီလာခံမှချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမာရွတ်ခရိုင်ပါတီကော်မတီဝင်များမှ ပါတီအောင်နိုင်ရေးနှင့် ပါတီဗဟို ဥက္ကဌကြီး၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းတင်ပြခဲပြီး ကမာရွတ်မြို့နယ်ပါတီအတွင်းရေးမှူး ဦးဗိုလ်စေားမှ ပထမ(၃) လအတွင်းဆောင်ရွက်ရမည့် ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ငန်းနှင့် ပါတီဝင်တိုးချဲ့ စည်းရုံးရေးလုပ်ငန်းစဉ်များ ပါတီဝင် လူငယ်များပိုမိုတိုးပွားရေးအတွက် အသက်အပိုင်းအခြားလိုက် စည်ရုံး ဆောင်ရွက်ရေး ကိစ္စရပ်များ ကိုဆွေးနွေးခဲကြပါသည်၊

ထိုနောက်တက်ရောက်လာသူများမှ ရပ်ကွက်အလိုက်တွေ့ကြုံနေရသောအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ခရိုင်ပါတီ ဥက္ကဌ ဒေါ်သီသီမွန်နှင်ခရိုင်ပါတီကော်မတီဝင်များမှ တင်ပြချက်များအားပြန်လည် ရှင်လင်းဖြေကြားခဲ့ပြီး တက်ရောက်လာသူများအား ကမာရွတ်မြို့နယ် ပါတီကောမတီမှ ထောက်ပံ့သော ဆီ( ၅၀ ) သား တစ်ဘူးနှင့်ကြက်ဥ(၁၀)လုံးပါတစ်ကတ်စီ တို့အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားကို‌‌ နေ့လည်(၁၂.၃၀ )နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဗိုလ်စော(ကမာရွတ်)