သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီဗဟိုညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

သာကေတ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တတိယအကြိမ် ပါတီဗဟိုညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း ၊ PR စနစ် ရွေးကောက်ပွဲဆိုင်ရာ နှီးနှော ဖလှယ်ခြင်းနှင့် သာကေတမြို့နယ် ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်တို့မှ ပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့(၁၀.၁၁.၂၀၂၂)နေ့လည် (၂:၀၀) အချိန်က သာကေတမြို့နယ် ပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ခရိုင်ပါတီဥက္ကဌ ဦးဉာဏ်ဝင်းထိုက်၊ ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ  (၅) မြို့နယ်မှ ပါတီနာယကများ၊ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ပါတီဝင်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ထို့နောက် ခရိုင်ပါတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားပြီး ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းပြောဆို၍  PR စနစ် ရွေးကောက်ပွဲဆိုင်ရာ နှီးနှောဖလှယ်ခြင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော အသိပညာ ဗဟုသုတများ ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ( ၄:၀၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။