ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ တိုင်းအတွင်းရှိ မြို့နယ် (၆) မြို့နယ် သို့ ကွင်းဆင်းဆောင်ရွက်

ပဲခူး(အနောက်)၊ နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၀၉:၀၀ အချိန်မှ ညနေ ၁၇:၃၀ အချိန်ထိ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်(၆)မြို့နယ်သို့ ကွင်းဆင်းပြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံမှုများအား ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့ တွေ့ဆုံရာတွင် ပါတီမှရေးဆွဲချမှတ်ထားသော ရက် ၉၀ စီမံချက်အား အောင်မြင်စွာအကောင်အထည်ဖော်ရေး၊ ပါတီဝင်အင်အားတိုးတက်ရရှိရေးနှင့် အင်အားစာရင်းများမှန်ကန်ရေး၊ ပါတီလုပ်ငန်းစိစစ်ရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား လိုက်နာဆောင်ရွက်ရေး၊ ပါတီဥက္ကဋ္ဌ လမ်းညွှန်ထားသော ရပ်ဝန်း ၈ ခုအား အောင်မြင်စွာအကောင်အထည်ဖော်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။