ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တင်းကြပ်မည်ဖြစ်သည့်အတွက် သတိပြုသွားလာနေထိုင်ရန် မြန်မာသံရုံး အသိပေး

ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တင်းကြပ်မည်ဖြစ်သည့်အတွက် ထိုင်းရောက်မြန်မာများ သတိပြုသွားလာနေထိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယနေ့ (နို၀င်ဘာ ၈) တွင် အသိပေးလာသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နို၀င်ဘာ  ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (APEC) အစည်းအဝေး ကျင်းပမည်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဗန်ကောက်မြို့၏ လုံခြုံရေးအတွက် လေဆိပ်၊ ရေဆိပ်၊ ဝင်/ထွက်ဂိတ်များအပါအဝင် နေရာအနှံ့ တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါကာလအတွင်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မှုမဖြစ်စေရေးအတွက် အစည်းအဝေးကျင်းပမည့်ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ့ဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။