ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီး လူစာရင်း ထုတ်ပြန်

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမား ၁၂ ယောက်အထိ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အအောင် မြင်ဆုံးအသင်းအဖြစ် ၅ ကြိမ် ဗိုလ်စွဲထားတဲ့ ဘရာဇီးအသင်းဟာ ဂိုးသမားအဖြစ် လီဗာပူး ဂိုးသမား အလစ်ဆန်နဲ့ မန်စီးတီး ဂိုးသမား အီဒါဆင်တို့ကို ရွေးချယ်ခဲ့ပြီး အာဆင်နယ်အသင်းက ဂျီးဆပ်၊ မာတီနယ်လီ၊ ချဲလ်ဆီးနောက် ခံလူ တီယာဂိုဆေးဗား၊ မန်ယူအသင်းက ဖရက်၊ ကက်စ်မီရို နဲ့ အန်တိုနီ၊ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်၊ နယူးကာ ဆယ်က ဘရူနိုဂွီမာရေး၊ လီဗာပူးက ဖာဘင်ဟိုနဲ့ ဝက်စ်ဟမ်းအသင်းက လူးကပ်စ်ပါကေတာတို့ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

စပါးတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် လူစာရင်းမှာ ပါဝင် လာတာဖြစ်ပြီး လီဗာပူးတိုက်စစ်မှူး ဖာမီနိုကတော့ ချန်လှပ်ခံခဲ့ရတာပါ။ ဘရာဇီးအသင်းမှာ ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာ၊ ရီးရဲလ်တိုက်စစ်မှူး ဗီနီးဆီးယက်စ်တို့အပြင် မက္ကဆီကိုကလပ် ပူးမက်စ်UNMA အသင်းမှာ ကစားနေတဲ့ အသက် ၃၉ နှစ်အရွယ် နောက်ခံလူဒန်နီအဲလ်ဗက်စ်လည်း ပါဝင်လာခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဲဒီနောက် ဆွစ်ဇာလန်၊ ကင်မရွန်း အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

-Ref:BBC