ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပခြင်း နှင့် ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းအခမ်းအနား

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ၃-၁၁-၂၀၂၂ ရက် နံနက် (၇) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဗဟိုအရံ ကော်မတီဝင် အင်းစိန်ခရိုင် ဥက္ကဌ ဦးမင်းသူထွန်း ၊ အင်းစိန်ခရိုင် အတွင်းရေးမှူး ဦးသူရိန်လင်း၊ ခရိုင်ဘဏ္ဌာရေးမှူး ဦးကြည်စိုး ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် လှိုင်သာယာ အနောက်ပိုင်းမြို့နယ် ၊ အင်းစိန်မြို့နယ် တို့မှ ရပ်ကွက်ပါတီ ဉက္ကဌ များနှင့် ပါတီဝင်များ စုစုပေါင်း(၅၄)ဦး တက်ရောက်အားပေးခဲ့ပြီး ခရိုင်ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ အင်းစိန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နံနက် (၈) နာရီ အချိန်တွင် အင်းစိန်မြို့နယ် သံဃမဟာနာယက အဖွဲ့ဝင် မဟာမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော် နှင့် သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရား တော်များနာယူကာ ခရိုင်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ပါတီဝင်များမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြပြီးနောက် ဆရာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြပါသည်။